ဝဘ်ဆိုဒ်နှင့် ပါတ်သက်၍ သိထားသင့်ဆုံးများ

ဝဘ်ဆိုဒ်ဆိုတာကတော့ လူတစ်ယောက် (သို့) အဖွဲ့အစည်းများ၊ လုပ်ငန်းများမှ သတင်းအချက်အလက်များ၊ အသံ၊ဗီဒီယို အစရှိသည့် မီဒီယာဖိုင်များ Document များကို အင်တာနက်ပေါ်သို့ စုဆည်းလွှင့်တင်ထားသော အစုအဝေးကို Website လို့ သတ်မှတ်လို့ရပါတယ်။ ၎င်း ဝဘ်ဆိုဒ်တွင် လွှင့်တင်ထားသော အရုပ်၊အသံ၊ဗီဒီယိုနှင့် စာသားအချက်လက်များ အစရှိသည်တို့ ပါဝင်နေသည့် ဝဘ်ဆိုဒ် စာမျက်နှာများကိုတော့ Webpages လို့ခေါ်ပါတယ်။ လူတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခု အနေဖြင့် ကိုယ်ပိုင် Website ရှိခြင်းအားဖြင့် ၎င်းတို့၏ သတင်းအချက်အလက်များ၊ Document Data များကို ဝဘ်ဆိုဒ်မှတဆင့် အင်တာနက်ကို အခြေပြုပြီး လူပေါင်းများစွာဆီသို့ အလွယ်တကူ ပျံ့နှံ့အောင် ချဲ့ထွင်နိုင်ပါတယ်။

စီးပွားရေးနယ်ပယ်ထဲက မားကတ်တင်းပိုင်းဆိုင်ရာ အလေ့အထနဲ့သာ ပြောရမယ်ဆိုရင် ဝဘ်ဆိုဒ်ဆိုတာ ၂၄ နာရီလုံး အလုပ်လုပ်နေတဲ့ အကောင်းဆုံးသော မားကတ်တင်းသမား တစ်ယောက်ပါပဲ။ ဘာသာစကားမျိုးစုံနဲ့ အပြည်ပြည်ဆိုင်ရာကိုလဲ အချိန်ပြည့် ဝန်ဆောင်မှုပေးနေနိုင်တယ်လေ။

စီးပွားရေးလုပ်ငန်းတစ်ခု အနေဖြင့်ကော ၊ personal သုံးအနေဖြင့်ကော ကိုယ်ပိုင် Website ရှိခြင်းအားဖြင့် သင့်ရဲ့ လုပ်ငန်းဆောင်တာများကို ပိုမိုပြီးမြောက် အောင်မြင်စေပါတယ်။ ကိုယ်ပိုင် Website တစ်ခုရှိခြင်းအားဖြင့် ..
01. လူပေါင်းများစွာဆီသို့ သတင်းအချက်အလက်များဖြန့်ဝေနိင်ခြင်း၊
02. မိမိရဲ့ Consumer များသည် ၎င်းတို့အလိုရှိသော ထုတ်ကုန်ပစ္စည်းနှင့် ပတ်သက်သော အချက်အလက်များအား ဝဘ်ဆိုဒ်မှတဆင့် သိရှိနိုင်ခြင်း၊
03. Customer များရဲ့ ယုံကြည်မှုကို ပိုမိုရရှိလာနိုင်ခြင်း၊
04. Marketing စနစ်တစ်ခု အနေဖြင့် Website ကို အသုံးပြု၍ ဈေးကွက်ကို ချဲ့ထွင်နိုင်ခြင်း၊
05. 24 နာရီပါတ်လုံး သတင်းအချက်အလက်များ ဖြန့်ဝေနိုင်ခြင်း၊
06. ကုန်ပစ္စည်းဆိုင်ရာ နှုန်းထားပြောင်းလဲမှုကို အချိန်နှင့် တပြေးညီ Update ပြုလုပ်နိုင်ခြင်း၊
07. Customer များနှင့် ဆက်သွယ်မှုကို ပိုမိုတိုးတက်စေခြင်း၊
08. ပြိုင်ဖက် စီးပွားရေး ကုမ္ပဏီများထက် ပိုမိုသာလွန်လာစေခြင်း၊
09. Customer များရဲ့ လိုအပ်ချက်ကို အမြဲတစေ စောင့်ကြည့်နိုင်ခြင်း၊
10. Customer များနှင့် အမြဲတစေ ဆက်သွယ်ဆောင်ရွက်နိုင်ခြင်းကြောင့် စီးပွားရေး တိုးတက်လာစေခြင်း၊

စတဲ့ အကျိုးခံစားခွင့်တွေကို ရရှိလာမှာ အမှန်ပဲ ဖြစ်ပါတယ်။ တကယ့်ကို လက်တွေ့သုံးကြည့်မှ သိလာရမဲ့ အကျိုးကျေးဇူးတွေကတော့ ပြောလို့ ကုန်မှာ မဟုတ်ပါဘူး။

သင့်အနေနဲ့ Website တစ်ခုကို စတင်ပြီး တည်ဆောက်တော့မယ်ဆိုရင် ပထမဦးဆုံး စဉ်းစားရမည့် အချက်ကတော့ Domain Name ဖြစ်ပါတယ်။ Domain Name ဆိုတာကတော့ Website တစ်ခုရဲ့ အမည် (သို့မဟုတ်) လိပ်စာပဲ ဖြစ်ပါသည်။ ဒီတော့ သင့်ရဲ့ Website ကို နာမည်/လိပ်စာ တပ်ပေးတော့မယ်ဆိုရင် လူအများ မှတ်မိလွယ်မယ့် နာမည်မျိုး ဖြစ်သင့်ပါတယ်။ နောက်ထပ် တစ်ချက်ကတော့ သင်ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းနဲ့ သင့်ရဲ့ Website နာမည်/လိပ်စာဟာ ဆက်နွယ်မှု ရှိနေရပါမယ်။

ဒါမှသာ စားသုံးသူ (သို့မဟုတ်) လာရောက်လည်ပါတ်သူ တစ်ယောက်အနေနဲ့ သင့်ရဲ့ Website နာမည်ကို သိရှိတာနှင့် မည်သည့် Product မျိုးကို ထုတ်လုပ်တယ်ဆိုတာကို အလွယ်တကူ ခန့်မှန်းသိရှိနိုင်မှာ ဖြစ်ပါတယ်။ အထူး သတိထားသင့်သည့် တစ်ချက်ကတော့ Domain အမည် ပေးရာတွင် ရှည်လွန်းသော နာမည်များအစား မှတ်မိလွယ်၍ မိမိတို့၏ အလုပ်/တားဂတ်နှင့် ဆက်စပ်မည့် တိုတိုနှင့်လိုရင်းကို ရောက်ရှိနိုင်သော အမည်ကို ရွေးချယ်သင့်ပါသည် ။ သို့မှသာ လာရောက်ကြည့်ရှုသော Customer (သို့မဟုတ်) လည်ပါတ်သူသည် သင့် Website နာမည်ကို မှတ်မိနေရန် ပိုမိုလွယ်ကူနိုင်မှာ ဖြစ်ပြီး လာရောက်သူများ များပြားလာနိုင်မှာ ဖြစ်ပါတယ်။

ဟိုးစတင်းဆိုတာကတော့ အင်တာနက်မှာ လွှင့်တင်ထားပြီး အများက ဝင်ရောက် ကြည့်ရှုလို့ရတဲ့ ဆာဗာ ကွန်ပျူတာတွေမှာ တည်ဆောက်ထားတဲ့ ဝဘ်ဆိုဒ်များရဲ့ သိုလှောင်ရာ ဌာန (အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ အချက်အလက်တို့ရဲ့ ဂိုဒေါင် (သို့မဟုတ်) ပြတိုက်) ပဲ ဖြစ်ပါတယ်။ Website တစ်ခုကို ပြုလုပ်ဖန်တီးပြီး World Wide Web ပေါ်မှာ လွှင့်တင့်ရန်အတွက် ၎င်း Website ပါ အချက်အလက်များ (Document File) များကို Web Sever ပေါ်မှာ သွားသိမ်းရပါတယ်။ အဲဒီလို Web Server ပေါ်မှာ သိမ်းဆည်းတဲ့အခါမှာ ကျွန်တော်တို့ဟာ Web Server ပိုင်ဆိုင်တဲ့ ကုမ္ပဏီ တွေနဲ့ ချိတ်ဆက်ပြီး ၎င်းတို့ဆီမှာ သိမ်းဆည်းပေးရန် Request လုပ်ယူရပါတယ်။ ဥပမာ အိမ်ငှားနေရတာနဲ့ အလားသဏ္ဍန်တူပါတယ်။ ဒီတော့ Hosting အတွက် ကုန်ကျမည့်ငွေ ပမာဏဟာ သင့် Website မှာပါဝင်တဲ့ Document Size ပေါ်မှာ မူတည်ပါတယ်။ Website မှာ သင်ဟာ Content တွေ အများကြီး ထည့်သွင်းထားမယ်၊ File Size အရမ်းကြီးတဲ့ Video File , Audio File တွေကို ထည့်သွင်းထားမယ်ဆိုရင်တော့ သင့် Website ရဲ့ (Document Size ) အရွယ်အစား များပြားတာကြောင့် Hosting စရိတ်လည်း ကြီးမြင့်လာနိုင်ပါတယ်။
ဝဘ်ဆိုက် လွှင့်တင်ခြင်းဆိုတာကတော့ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုမှ အကြောင်းအရာများကို အင်တာနက်ပေါ်သို့Website ပြုလုပ်ဖန်တီးပြီး လွှင့်တင်တာကို ဆိုလိုတာပါ။ လုပ်ငန်းစဉ်တွေ အနေနဲ့ကတော့ နံပါတ် တစ် အနေနဲ့ ဝဘ်ဆိုဒ်အတွက် ဒိုမိန်း အမည်ရွေးချယ်ရပါမယ်။ ပြီးရင် ဒီဝဘ်ဆိုဒ်က ဘယ်လို အမျိုးအစားလဲ၊ အချက်အလက်တွေက အမြဲတမ်း အသစ် အသစ်တွေနဲ့ ပြောင်းလဲနေမှာလား၊ ကာလအတိုင်းတာတခု အထိ ကြာရှည် ဖြစ်တည်နေမှာလား၊ ဒါကို သုံးသပ်ပြီး လိုအပ်တဲ့ စနစ်နဲ့ ဝဘ်ဆိုဒ်ကို ရေးပါမယ်။ ပြီးသွားပြီဆိုရင်တော့ ဟိုးစတင်းလို့ခေါ်တဲ့ ဝဘ်ဆိုဒ်ကို လွှင့်တင် ပြသ ပေးထားနိုင်မဲ့ ဆာဗာ ကွန်ပျူတာတွေမှာ ထည့်သွင်းပြီး ဒိုမိန်းအမည်နဲ့ ချိတ်ဆက် လွှင့်တင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို Website ပြုလုပ်ပြီး အင်တာနက်ပေါ်သို့ လွှင့်တင်လိုက်ခြင်းအားဖြင့် အင်တာနက်အသုံးပြုသူ လူပေါင်း များစွာမှ သင့်ရဲ့ Website ကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး သင်ရေးသားထားသော အချက်အလက်များကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဝဘ်ဆိုက် မလွှင့်တင်မှီ သတိထားသင့်တဲ့ အချက်တစ်ချက်ကတော့ ၎င်းဝဘ်ဆိုဒ်တွင်ပါဝင်မည့် အကြောင်းအရာများ အထူးသဖြင့် အချက်အလက်များကို သေချာစစ်ဆေး အတည်ပြုပြီးမှ လွှင့်တင်ရန် ဖြစ်ပါသည်။
E mail ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုပါက အီလက်ထရောနစ် စာပို့စနစ် ဖြစ်ပါသည်။ ကိုယ်ပိုင် E mail ဆိုတာကတော့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်း (သို့) လုပ်ငန်းတို့၏ ကိုယ်ပိုင် ဒိုမိန်းအမည်နှင့် အသုံးပြုသော E mail ကို ဆိုလိုတာပါ။ ဥပမာ myname@gmail.com .. (@) ဆိုသော သင်္ကေတ၏ နောက်တွင် ပါဝင်နေသည်မှာ ဝဘ်ဆိုဒ်၏ ဒိုမိန်း အမည်ဖြစ်ပြီး gmail.com သည် Google ကုမ္ပဏီမှ ပိုင်ဆိုင်သည့် ၎င်းတို့၏ ဒိုမိန်းအမည် တစ်ခု ဖြစ်ပါသည်။ ဆိုတော့ လက်ရှိ ကိုယ်ပိုင်ဒိုမိန်းနဲ့ အီးမေးလ်အကောင့်တွေ ဖြစ်တည်ဖို့ရာမှာ ကိုယ်ပိုင် ဒိုမိန်းတစ်ခု ရှိရန် အရင် လိုအပ်ပါတယ်။ သို့မှသာ မိမိတို့ရဲ့ ဝဘ်ဆိုဒ် (ဒိုမိန်းအမည်)နဲ့ ဖြစ်တည်နေတဲ့ ကိုယ်ပိုင်(သို့မဟုတ်) လုပ်ငန်းနှင့် အဖွဲ့အစည်းပိုင် အီးမေးလ်တစ်ခု ပြုလုပ် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ တစ်ခုအနေနဲ့ ပြောရရင် myname@it4mf.com အဲ့လို (@) ဆိုတဲ့ သင်္ကေတရဲ့ နောက်မှာ ရှိနေတဲ့ မိမိတို့ လုပ်ငန်းပိုင် ဒိုမိန်းနှင့် တွဲဖက်ပါဝင်နေတဲ့ အီးမေးလ်ကို ဆိုလိုပါတယ်။ ဒီတော့ လူတိုင်း (သို့မဟုတ်) လုပ်ငန်းတိုင်း၊ အဖွဲ့အစည်းတိုင်းမှာ ကိုယ်ပိုင် ဒိုမိန်းအမည်နဲ့ E mail Account တွေရှိပြီး သုံးစွဲပါမှ မိမိတို့ရဲ့ အချက်အလက်တွေကို လုံခြုံစေခြင်းနဲ့ ပရောဖက်ရှင်နယ်ကျကျ အပြည်ပြည်ဆိုင်ရာ တန်းဝင်တဲ့ လုပ်ငန်း၊ အဖွဲ့အစည်းများ အဖြစ် ရပ်တည်ရန် အင်အားတစ်ခု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
Responsive ဒီဇိုင်းဆိုတာကတော့ သက်ဝင် လှုပ်ရှားနေတဲ့ ဒီဇိုင်း ပုံရိပ်များကို ဆိုလိုတာ ဖြစ်ပါတယ်။ အခြား ဥပမာ အနေဖြင့် ပြောရမယ် ဆိုရင်တော့ အင်တာနက်ပေါ်မှာ တင်ထားတဲ့ သက်ဝင် လှုပ်ရှားပြီး ဆွဲဆောင်မှုရှိတဲ့ Web Design တွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ယနေ့ခေတ် အီလက်ထရောနစ် ပစ္စည်းတွေမှာ စခရင် အရွယ်အစားတွေက ပစ္စည်းအမျိုးအစားအလိုက် အကြီး အသေး ကွဲပြားပြီး ၎င်းတို့ရဲ့ Resolutions တွေကလဲ အစားစား ကွဲပြားကြပါတယ်။ အဲ့လို ကွဲပြားနေကြတဲ့ စခရင်နဲ့ Resolution တိုင်းမှာ ကွဲပြားပြီး လှပ သေသပ်တဲ့ ဝဘ်ဒီဇိုင်းရေးဆွဲခြင်း ပညာနဲ့ ရေးဆွဲထားတဲ့ ဝဘ်ဒီဇိုင်းများကို Responsive Web Design (RWD) လို့သတ်မှတ်လို့ရပြီး သင့်အနေနဲ့ ပိုမိုဆွဲဆောင်မှုရှိတဲ့ Website တစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သင့် Website ကို ပုံမှန် အငြိမ် အသေဒီဇိုင်းနဲ့ သွားမဲ့အစား Responsive ဆန်ဆန်သာ ရေးဆွဲအသုံးပြုသင့်ပါတယ်။
ဝဘ်ဆိုဒ်နဲ့ လုပ်ဆောင်နိုင်တွေဟာ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ..
1. ဝဘ်ဆိုဒ်မှတဆင့် သတင်းအချက်အလက်များ မျှဝေနိုင်ခြင်း၊
2. ဝဘ်ဆိုဒ်မှ ပညာသင်ကြားနိုင်ခြင်း၊
3. ဝဘ်ဆိုဒ်မှ ကုန်ပစ္စည်းများ ကြော်ငြာနိုင်ခြင်း၊
4. ဝဘ်ဆိုဒ်မှ တဆင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း၊
5. ဝဘ်ဆိုဒ်ကို ဖျော်ဖြေရေး အနေဖြင့် အသုံးပြုနိုင်ခြင်း၊
6. ဝဘ်ဆိုဒ်မှ တဆင့် အရောင်းအဝယ် ပြုလုပ်နိုင်ခြင်း၊
စသည်ဖြင့် များစွာ ဆောင်ရွက်နိုင်ပါတယ်။

ဒီတော့ သင့်အနေဖြင့် ဝဘ်ဆိုဒ်တစ်ခု ရှိမည်ဆိုပါက သင့်ရဲ့ စီးပွားရေး ဈေးကွက်ကို အလွယ်တကူ ချဲ့ထွင်နိုင်လာမှာ ဖြစ်ပြီး အနှစ်ချုပ် အနေနဲ့ ပြောရရင်တော့ မိမိတို့ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာ၊ လုပ်ငန်းဘဝ၊ လူနေမှုဘဝတွေ စတဲ့ လူမှုရေး ပညာရေး ကျန်းမာရေး အုပ်ချုပ်ရေး စသည့် အကြောင်းအရာများ အားလုံးကို အင်တာနက်ကနေ ဖြန့်ဝေခြင်း၊ အသုံးပြုနိုင်ခြင်းများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ အချက်အလက်တွေရဲ့ လုံခြုံရေးဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဥပမာ သင့်ရဲ့ အချက်အလက်တွေကို Website ပေါ်မှာ မှားယွင်းပြီး ဖော်ပြလိုက်တယ်ဆိုပါက ၎င်းအချက်အလက်များဟာ သင့်ရဲ့ ဝဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုနေသူ မည်သူမဆို သိရှိသွားနိုင်ပါတယ်။ အဲဒါကြောင့် စက္ကန့်ပိုင်းအတွင်းမှာ လူပေါင်းများစွာဆီသို့ မှားယွင်းနေသော အချက်အလက်များ အလွယ်တကူ ပျံ့နှံ့နိုင်ပါတယ်။ နောက်ထပ် တစ်ချက်ကတော့ ဟက်ကာများရဲ့ အန္တရာယ်မှ တတ်နိုင်သလောက် လုံခြုံစိတ်ချစွာ ကာကွယ်နိုင်ရန် ဖြစ်ပါတယ်။ ဟက်ကာများဟာ သင့်ဝဘ်ဆိုဒ်ကို ပျက်စီးအောင် ကမောက်ကမ ဖြစ်အောင် ပြုလုပ်နိုင်ယုံသာမကပဲ Webpage များတွင် ဖော်ပြထားသော အချက်အလက်များကိုပါ မှားယွင်းအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ အဆိုးရွားဆုံး အချက်တစ်ချက်ကတော့ သင့် Website တစ်ခုလုံးကို ပျက်စီးသွားအောင်ပါ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ဝဘ်ဆိုဒ်တစ်ခုကို ဖန်တီးတော့မည်ဆိုပါက လုံခြုံရေး Security ကောင်းရန် အလွန်လိုအပ်ပါသည်။ ထို့အပြင် Back Up ဟု ခေါ်ဆိုသော အချက်အလက်များကို သိမ်းဆည်းထားခြင်းဖြင့်လဲ ပျက်ဆီးသွားသော ဝဘ်ဆိုဒ်တစ်ခုကို အချိန်တို အတွင်းမှာ ပြန်လည် တပ်ဆင်နိုင်မှာ ဖြစ်ပါသည်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.