IT4MF သည် ဝဘ်ဆိုဒ်တည်ဆောက်ရေး အပိုင်းကိုသာ ရည်ရွယ် တည်ထောင်ထားပြီး ဝဘ်ဆိုဒ်ဆောက်လုပ်ခြင်း လုပ်ငန်းများကို အဓိကလုပ်ကိုင်နေပါသော်လဲ မိမိတို့ ကာစတမ်မာများ၏ လုပ်ငန်းလိုအပ်ချက်များကို လိုအပ်လာလျှင် ကူညီရန် အမြဲတမ်း အသင့် ပြင်ဆင်ထားပါသည်။

ယနေ့ခေတ် နည်းပညာကို အခြေခံ၍ စီးပွားရေးလုပ်ငန်းများကို လည်ပါတ်ရာတွင် စီးပွားရေးနှင့် နည်းပညာ အကြား ပေါင်းကူး စပ်ယှက် နိုင်ခြင်းမရှိပါက မိမိတို့၏ ရည်ရွယ်ထားသော လုပ်ငန်းစဉ်များတွင် နည်းမျိုးစုံသော အနှောင့်အယှက်များနှင့် အခက်ခဲများ ကြုံတွေ့ရမည် ဖြစ်ပြီး ထိုကဲ့သို့သော အချင်းအရာများကိုပါ IT4MF မှ အထူး ဝန်ဆောင်မှုတစ်ရပ် ထားရှိလျက် နည်းပညာဖြင့် လည်ပါတ်မည် ဖြစ်သော လုပ်ငန်းဆောင်တာများ အားလုံးကို နည်းပညာနှင့် စီးပွားရေးအကြား မည်ကဲ့သို့ ကူးလူး စပ်ယှက်ပြီး အကောင်အထည်ဖော်ရသည်များကိုပါ အထူးအကြံပြု ကူညီ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

အခက်ခဲများနှင့် အနှောင့်ယှက်များကို ဖြေရှင်းခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် မည်ကဲ့သို့ ဆောင်ရွက်ပါက ပို၍ကောင်းမွန် သေသပ်သော အပြည်ပြည်ဆိုင်ရာတန်းဝင် လုပ်ငန်း (သို့) အဖွဲ့စည်းတစ်ရပ် အဖြစ် ရပ်တည် ဝင်ဆံ့နိုင်ရေးများကိုပါ ကူညီ စဉ်းစားပြီး အကောင်းဆုံးသော ဝန်ဆောင်မှုများဖြင့် မိမိတို့နှင့် လက်တွဲလာမည့် ကာစတမ်များကို ပါတနာများနှင့် မခြား နွေးထွေးပျူငှာစွာဖြင့် ထာဝရလက်တွဲသွားမည် ဖြစ်သည်။

IT4MF မှ ကာစတမ်မာဆားဗစ်သည် လူကြီးမင်းနှင့် တွေ့ဆုံဆွေးနွေးပြီး ဝဘ်ဆိုဒ်တည်ဆောက်ရေး၏ အခြေခံ အိုင်ဒီယာချခြင်း အပိုင်းအတွက် လူကြီးမင်း၏ အလုပ်နေရာသို့ လာရောက်၍သော်လည်းကောင်း (သို့မဟုတ်) အိမ်တိုင်ရာရောက် လာရောက်ပြီး အသေးစိတ် တိုင်ပင်ဆွေးနွေးရင်း အိုင်ဒီယာ အခြေချခြင်းကို ဆောင်ရွက်ပေးခြင်းဖြင့် လူကြီးမင်း၏ အဖိုးတန်သော အချိန်များကို အထူးတန်ဖိုးထားပေးပါသည်။

လူကြီးမင်း၏ လုပ်ငန်းနှင့် ဝဘ်ဆိုဒ်အတွက် လိုဂိုသည် အဓိက လိုအပ်ချက် တစ်ခုဖြစ်ပြီး ထိုလိုအပ်ချက် အပေါ်အား IT4MF မှ ဒီဇိုင်း ပညာရှင်များမှ လူကြီးမင်း စိတ်တိုင်းကျသည်အထိ လိုဂိုဒီဇိုင်းများကို ရေးထုတ်ပေးပါသည်။ ထိုကဲ့သို့ ပြုလုပ်ရာတွင် ပထမ အဆင့်အနေဖြင့် မူကြမ်း လိုဂို ၃ ခုမှ ၅ခု အထိ ပြုလုပ်ပြီး လူကြီးမင်းကို ပြသပါမည်။ ထိုပြုလုပ်ထားသည့်အထဲမှ လူကြီးမင်း၏ အကြိုက် လုပ်ငန်း၊ ဝဘ်ဆိုဒ်တို့နှင့် အလွန် ဆက်စပ် သင့်တော်မှု ရှိသည်ဆိုမှ သုံးစွဲကြမည် ဖြစ်ပြီး၊ လူကြီးမင်း စိတ်ကြိုက်နှင့် ကိုက်ညီမှု မရှိခြင်း၊ လုပ်ငန်း၊ ဝဘ်ဆိုဒ်တို့နှင့် မကိုက်ညီမှု ရှိပါက နောက်ထပ် အသစ်များကို ထပ်မံတိုင်ပင်ပြီး စိတ်တိုင်းကျသည်အထိ ရေးဆွဲပေးပါသည်။ ထိုကဲ့သို့ရေးဆွဲရာတွင် အလွန် ကောင်းမွန်သော ဒီဇိုင်းကို ထုတ်လုပ်ပေးနိုင်သည့် အဆင့်မြင့် ပရိုဂရမ်များ ကွန်ပျူတာများကို သုံးစွဲပြီး ကျွမ်းကျင်ပညာရှင်များနှင့် ရေးဆွဲပါသည်။

လူကြီးမင်းရဲ့ လုပ်ငန်းနဲ့ အစီစဉ်တွေ အားလုံးကို ဝဘ်ဆိုဒ်ပေါ်မှာ ဘယ်လို အခြေချမလဲ ဆိုတဲ့ အပိုင်းကနေ စပြီး လိုအပ်မဲ့ ဒီဇိုင်း၊ ဝဘ်ဆိုဒ်စနစ်၊ ဘာသာစကား၊ ဝဘ်ဆိုဒ်လွှင့်တင်ရေး အပိုင်းတွေ အားလုံးကို စိတ်တိုင်းကျသည်အထိ ဆွေးနွေးပြီး အခြေခံ အိုင်ဒီယာကို တည်ဆောက်ခြင်းဖြင့် မိမိတို့ရဲ့ ကာစတမ်မာများရဲ့ လုပ်ငန်းလိုအပ်ချက်ကို အဘက်ဘက်က ဝိုင်းဝန်းကူညီ စဉ်းစားပေးပါတယ်။

ဥပမာ အွန်လိုင်းဈေးဆိုင် စနစ်တစ်ခုကို တည်ဆောက်ပြီး အင်တာနက်ပေါ်ကနေ လူကြီးမင်းတို့ရဲ့ ထုတ်ကုန်တွေ ရောင်းကုန်တွေကို ရောင်းချ ဖြန့်ဖြူးချင်တယ်ဆိုရင်၊ ဒီ အွန်လိုင်းဈေးဆိုင်စနစ်နဲ့ အဲ့လုပ်ငန်းကို ဘယ်လို ဖွံ့ဖြိုးအောင် လည်ပါတ် မောင်းနှင်နိုင်ရေး၊ လူကြီးမင်းတို့ရဲ့ ကာစတမ်မာတွေကို မည်ကဲ့သို့ စီစစ် ထိန်းချုပ်နိုင်ရေး အစရှိတဲ့ လုပ်ငန်းမှာ အဓိက ပါဝင်နေမဲ့ လုပ်ဆောင်ရမဲ့ အချက်အလက်ပေါင်း မြောက်များစွာကိုပါ ကူညီစဉ်းစားပြီး အကောင်းဆုံး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ယနေ့တွင် ခေတ်အစားဆုံးဖြစ်သည့် မည်သည့် စခရင်အကျယ်အဝန်းမှာမဆို လိုက်ဖက်သော ဒီဇိုင်းနေချထားမှု စနစ်နှင့် တည်ဆောက်ပေးသောကြောင့် မိုဘိုင်းမှ သုံးစွဲသူများအတွက်လည်း လူကြီးမင်း၏ ဝဘ်ဆိုဒ်သည် ကောင်းမွန်စွာ ဆွဲဆောင်မှုဖြင့် ပြည့်စုံစေပါသည်။

ဝဘ်ဆိုဒ်ရေးသားသောစနစ်သည် Static နှင့် Dynamic ဆိုပြီး နှစ်မျိုး ရှိရာ Static သည် ဝဘ်ဆိုဒ်တွင် ပါဝင်မည့် အချက်အလက်များကို အသေ သဘောဖြင့်ထည့်သွင်းရေးဆွဲသော စနစ်ဖြစ်ပြီး အချက်အလက်များ ထည့်သွင်းခြင်း ဖျက်ထုတ်ခြင်းများကို လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အပြင်၊ အခြား စနစ်များဖြစ်သည့် ငွေပေး ငွေချေခြင်း စသည့် အချိန်နှင့် တပြေးညီ ဆောင်ရွက်ရမည့် စနစ်များ ပါဝင်နိုင်ခြင်း မရှိပါ။

Dynamic အမျိုးအစားသည် ဝဘ်ဆိုဒ်တွင် ပါဝင်မည့် အချက်အလက်များကို လျင်မြန်စွာ အချိန်နှင့် တပြေးညီ ကိုင်တွယ် ထိန်းချုပ်နိုင်ရန် စီမံရေးသားသော စနစ်ဖြစ်ပြီး၊ ထို စနစ်ဖြင့် ရေးသားခြင်းဖြင့် လိုအပ်သော စနစ်မှန်သမျှကို ဝဘ်ဆိုဒ်တွင် တပ်ဆင်နိုင်မည် ဖြစ်ပါသည်။ ထို Dynamic အမျိုးအစား ဝဘ်ဆိုဒ်များကို CMS ဟုခေါ်သော Content Management System များကို သုံးစွဲ၍ တည်ဆောက်ရသည် ဖြစ်ပြီး မိမိ ပါဝင်ချင်သည့် ငွေပေး ငွေချေ စနစ်၊ ဓါတ်ပုံ ဂယ်လာရီ၊ ဗွီဒီယို ဂယ်လာရီ စသည့် အချိန်နှင့် အမျှ ပြုပြင်ပြောင်းလဲခြင်းများကို လျင်မြန်စွာ ပြုလုပ်နိုင်သည့် စနစ်များ တပ်ဆင် တည်ဆောက်နိုင်ပါသည်။

၎င်းအချက်အလက်များကို အခြေခံ၍ လူကြီးမင်း၏ လိုအပ်ချက်အပေါ်တွင် နည်းပညာရှင်များမှ အကောင်းဆုံး တည်ဆောက်သွားမည် ဖြစ်သောကြောင့် ၁၀၀ ရာခိုင်နှုံး သွက်လက်ခြင်း၊ ထိန်းချုပ်ရ သုံးစွဲရ လွယ်ကူခြင်းများ၊ လုံခြုံမှု အားကောင်းခြင်းများနှင့် ပြည့်စုံပါသည်။

လူကြီးမင်းရဲ့ ဝဘ်ဆိုဒ်ကို လွှင့်တင်ရာမှာ အဓိက ပါဝင်မဲ့ ဒိုမိန်းအမည် ရွေးချယ်ခြင်း မှတ်ပုံတင်ခြင်းနှင့် ဝဘ်ဆိုဒ်၏ အချက်အလက်တို့ ထားရှိရန်ကိုလဲ IT4MF မှ အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးခြင်းနှင့် ဆာဗာများသည် နေ့စဉ် အချက်အလက်များကို သိမ်းဆည်းပေးပါသည်။

ထိုကဲ့သို့ ဝဘ်ဆိုဒ်များကို အပြီးသတ် အင်တာနက်ပေါ်သို့ လွှင့်တင်နိုင်ရန် လူကြီးမင်းတို့ထံမှ ဝဘ်ဆိုဒ်တွင် ပါဝင် တပ်ဆင်မည့် အချက်အလက်များကို အပြည့်အစုံ ရရှိသည်နှင့် တစ်လအတွင်း အပြီးသတ် ရေးဆွဲ လွှင့်တင်ပေးမှာ ဖြစ်ပါတယ်။

ရှာဖွေရေး အင်ဂျင်များမှ လူကြီးမင်း၏ ဝဘ်ဆိုဒ်ကို လျင်မြန်စွာ ရှာတွေ့ပြီး လာရောက်သူ များပြားစေရန် အထူး တာဝန်ယူတည်ဆောက်ပေးရာတွင် သက်ဆိုင်ရာ ရှာဖွေရေးအင်ဂျင်ပိုင် ကုမ္ပဏီများနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး အပြည့်အဝ ဝန်ဆောင်မှုပေးသည်။
IT4MF သည် ဘာသာမျိုးစုံ ကျွမ်းကျင်သော စကားပြန်များနှင့်လဲ တည်ဆောက်ထားပြီး လူကြီးမင်း၏ လုပ်ငန်းနှင့် ဝဘ်ဆိုဒ်အတွက် ဘာသာစကားပိုင်းဆိုင်ရာ အခက်အခဲများ လုံးဝ မရှိအောင် ဝန်ဆောင်မှု ပေးနေပါတယ်။ ဝဘ်ဆိုဒ်ကို မည်သည့် ဘာသာစကားနှင့်မဆို ရေးသားပေးနိုင်ပါသည်။
IT4MF မှ ဝဘ်ဆိုဒ်များကို တည်ဆောက်ရာတွင် လူကြီးမင်းတို့ကိုယ်တိုင် မိမိတို့၏ ဝဘ်ဆိုဒ်များကို ကိုင်တွယ် မောင်းနှင်ချင်ပါလျှင်လဲ လျင်မြန်စွာ တတ်မြောက် ထိန်းချုပ်နိုင်ရန် အကောင်းဆုံး အခမဲ့ လမ်းညွှန်မှုများပေးမှာ ဖြစ်တဲ့ အပြင် အီးမေးလ်သုံးစွဲခြင်းဆိုင်ရာ အခက်အခဲများ စသည့် မည်သည့် နည်းပညာ အခက်ခဲများကိုမဆို IT4MF ၏ နည်းပညာ အကူအညီပေးရေး ဌာနမှ အပြည့်အဝ ကူညီ ဝန်ဆောင်မှု ပေးပါသည်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.