ကွန်ပျူတာအတွင်း Hard Drive အသစ်တစ်လုံးကို ထပ်မံတပ်ဆင်ခြင်း (3)

Written by S.N.O Published in 12 Dec 2014

     Hard Drive ကို ကောင်းမွန်စွာ တပ်ဆင်ပြီးသွားပြီဆိုရင်တော့ သူနှင့် Motherboard ကို ချိတ်ဆက်ပေးမည့် Sata ကြိုးကို တပ်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Sata ကြိုးကို တပ်ဆင်ရာမှာ ဘယ်ညာ အံဝင်ဂွင်ကျ ဖြစ်အောင် တပ်ဆင်ပေးရမှာ ဖြစ်ပါတယ်။ 

 

 

ပြီးနောက် power Connector ကြိုးကို တပ်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Power Connector ကြိုးကတော့ Power Supply မှာ ပါဝင်တဲ့ ကြိုးအမျိုးအစား ဖြစ်ပါတယ်။ များသောအားဖြင့် power supply များမှာ Hard Drive အတွက် power connector ကြိုး နှစ်ကြိုး မှ သုံးကြိုးခန့် ပါဝင်ပါတယ်။

အားလုံးပြီးသွားရင်တော့ ကွန်ပျူတာကို ဖွင့်လိုက်ပါမယ်။ ပြီးနောက် BIOS ထဲသို့ ၀င်လိုက်ပါမယ်။ သင့်ရဲ့ Hard Drive ဟာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်တယ်ဆိုရင်တော့ SATA port မှာ အခုလို တွေ့မြင်နေရမှာ ဖြစ်ပါတယ်။

 

 

တကယ်လို့ SATA Port မှာ Hard Drive ကို မတွေ့ဘူးဆိုရင်တော့ Hard Drive နှင့် Motherborad ကို ချိတ်ဆက်ထားသည့် SATA ကြိုးကို စစ်ဆေးပေးပါ။ သင်တပ်ဆင်ထားသော Port ကိုလည်း စစ်ဆေးကြည့်ပါ။

တကယ်လို့ ဒီနေရာမှာလည်း မတွေ့သေးဘူဆိုရင်တော့ နောက်ထပ် SATA Port များကို လှဲလှယ် တပ်ဆင်ပေးလိုက်ပါ။ ပြီးနောက် ကွန်ပျူတာကို ပြန်ဖွင့်ပြီး စစ်ဆေးပေးနိုင်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.