ကွန်ပျူတာ Fan ကို လဲလှယ်တပ်ဆင်ခြင်း (2)

Written by S.N.O Published in 06 Dec 2014

         ကွန်ပျူတာတစ်လုံးအတွင်း ပါဝင်တဲ့ Electronic Circuit များအားလုံးဟာ အပူကို ထုတ်လုပ်ပေးပါတယ်။ ဒီလို အပူကို တောက်လျှောက် ထုတ်လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် အချိန်ကြာမြင့်လာတာနှင့်အမျှ စက်ပစ္စည်းများဟာ အပူရှိန်ကြောင့် ပျက်စီးဆုံးရှုံးတတ်ပါတယ်။ ဒီလို ပြဿနာမျိုးတွေ မဖြစ်အောင် Fan များကို တပ်ဆင်ထားပါတယ်။

CPU Fan ဆိုလျှင် Heatsinks ဆိုတဲ့ အပူစုတ် ကိရိယာကိုပါ တွဲဖက်အသုံးပြုထားပါတယ်။ ဒါမှသာ ကွန်ပျူတာ CPU ဟာ အပူဒဏ်ကို ခံနိုင်ပြီး သက်ဆိုင်ရာ Process များကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

         ကွန်ပျူတာအတွင်းရှိ Fan များဟာ တစ်ခါတစ်ရံလုံးဝ မလည်ပတ်တော့ပဲ ပျက်စီးတတ်ပါတယ်။ ဒီလို ပြဿနာမျိုးတွေအတွက်ကတော့ ကိုယ်တိုင်ပဲဖြစ်ဖြစ် တတ်သိနားလည်တဲ့ Technician ကိုပဲဖြစ်ဖြစ် ပြသပြီး Fan အသစ်လဲလျှင် ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ Fan များဟာ လုံးလုံးလျှားလျှား မလည်ပတ်တော့တာမဟုတ်ပဲ လည်လိုက် ရပ်လိုက် ဖြစ်နေတတ်ပါတယ်။ ဒါကို မသိရင်တော့ သင့်ကွန်ပျူတာ Process များဟာ ကောင်းမွန်စွာ လည်ပတ်တော့မှာ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ Fan မလည်ပတ်တဲ့အချိန်မှာ သက်ဆိုင်ရာ Component ဟာ အပူလွန်ကဲပြီး လုပ်ဆောင်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

အထူးသဖြင့် သာမန်လောက် Performance ကို ထုတ်မသုံးတော့ပါဘူး။ ဒါကြောင့် သင့်ကွန်ပျူတာ ခဏခဏ hang ဖြစ်နေမယ်ဆိုရင် Fan ကိုလည်း စစ်ဆေးပေးနိုင်ပါတယ်။

 

 

နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ Fan များဟာ သက်တမ်းကြာမြင့်လာပြီး လိုအပ်တဲ့ လည်ပတ်မှုနှုန်းကို မထုတ်လုပ်ပေးနိုင်တော့ပါဘူး။ ဒါဆိုရင်လည်း ကွန်ပျူတာရဲ့ peformance ဟာ ကျဆင်းနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကွန်ပျူတာတစ်လုံးအတွက် Fan ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ဆောက်ရွက်နေတယ်ဆိုတာကို သတိထားသင့်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.