မိုဘိုင်း Call Recording Tools အချို့တွင် အားနည်းချက်များရှိနေ

Written by S.N.O Published in 29 May 2014

     လုံခြုံရေးဆိုင်ရာ သုတေသီများရဲ့ ထုတ်ပြန်ကြေငြာချက်အရ Call Recording ပြုလုပ်နိုင်သည့် မိုဘိုင်း Application အချို့တွင် အားနည်းချက်များရှိနေပြီး ဟက်ကာများမှ ၎င်းအားနည်းချက်များအပေါ်အခြေခံကာ အသံသွင်းယူထားသည့် Data များကို ခိုးယူသွားနိုင်ကြောင်း ပြောကြားသွားပါတယ်။

Call Recording Application ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ၎င်း Application များအတွင်းရှိ အားနည်းချက်များကို ပြန်လည်ပြင်ဆင်ပေးရန် လိုအပ်ကြောင်း အကြံပြု တင်ပြထားပါတယ်။

မိုဘိုင်းဖုန်းများအတွင်း ဖုန်းပြောဆိုမှုများကို အသံဖမ်းယူထားနိုင်သည့် Nice Recording eXpress Application တွင်လည်း အားနည်းချက် 5 ခုပါဝင်ပြီး အစိုးရဌာနများမှ တာဝန်ရှိသူများ အသုံးပြုရန်မသင့်တော်ကြောင်း ၊ ဒီ Application အသုံးပြုမှုကို ရပ်နားသင့်ပြီ ဖြစ်ကြောင်း ၊ သတင်းဌာနများမှတဆင့် အသိပေးထုတ်ပြန်ခဲ့ပါတယ်။

 

 

     Nice Recording eXpress Application အနေဖြင့် ဒီလိုမျိုးအားနည်းချက်များကို ပြန်လည်ပြုပြင်ပေးရန်လိုအပ်ပြီး Call Center များအနေဖြင့် အသုံးပြုရန် မသင့်ကြောင်း ၊ နောက်ဆုံး Version ဖြစ်သည့် Version 6.5 အတွက်လည်း အားနည်းချက်များ ရှိသေးကြောင်း သိရပါတယ်။

အထူးသတိထားရမှာကတော့ ဒီအားနည်းချက်များကြောင့် ဟက်ကာများဟာ ဖုန်းအတွင်းရှိ User Account များ ၊ Content များ အပြင် ဖုန်းခေါ်ဆိုမှုများကိုပါ ရယူသွားနိုင်ပြီး ဒါဟာ SQL ရှိ အားနည်းချက်များမှ တဆင့် ဖုန်းအတွင်း ၀င်ရောက်ကာ Hacking ပြုလုပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.