မှတ်ဥာဏ်ဆိုးများကို ထုတ်ပစ်နိုင်သော Xenon Gas Light ကို တီထွင်

Written by S.N.O Published in 17 Sep 2014

      McLean ဆေးရုံမှ ဆေးပညာဆိုင်ရာ သုတေသီများမှ တီထွင်ပြောကြားချက်အရ လူ့ဦးနှောက်အတွင်း မှတ်သားထားသော အဆိုးမြင် Memory များ၊ မကောင်းသော အတိတ်များကို မေ့ပျောက်နိုင်ရန် နည်းလမ်းသစ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။

 

 

သုတေသနမှတ်တမ်းများအရ Xenon ဓါတ်ငွေ့တစ်မျိုးဟာ လူ့ဦးနှောက်အတွင်း မှတ်သားထားသော အဆိုးမြင်မှတ်ဥာဏ်များကို ဖျက်ဆီးရာမှာ အစွမ်းသတ္တိရှိကြောင်း၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ လူနာများကို ကုသရာတွင် အသုံးပြုသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

လက်ထောက် ပရော်ဖက်ဆာအနေဖြင့် Harvard Medical School တွင် တာဝန်ထမ်းဆောင်လျက်ရှိသော Edware G Meloni မှ ဒီလို လေ့လာတွေ့ရှိချက် အသစ်များဟာ စိတ်ပိုင်းဆိုင်ရာ ကျဆင်းနေသော လူနာများနှင့် PTSD ခံစားနေရသော လူနာများအတွက် Treatment အသစ်အနေဖြင့် ကုသပေးသွားမှာဖြစ်ကြောင်း၊ လောလောဆယ် ကြွက်များနှင့် စမ်းသပ်ရာ အောင်မြင်သော နည်းပညာရပ်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

 

 

 ဒီနည်းပညာရပ်ကို စိတ်ကျဆင်းနေသူများအတွက် ကုသရာတွင်လည်း အသုံးပြုသွားဖွယ်ရှိပြီး ဒီ Xenon Gas ဟာ မှတ်ဥာဏ်အဟောင်းများကို ဖျက်ပစ်နိုင်ပြီး မှတ်ဥာဏ်အသစ်များကို ဖြစ်ထွန်းစေကြောင်း သိရပါတယ်။ ထို့ပြင် Xenon Gas ဟာ အိမ်မက်ဆိုးများ၊ စိတ်ကျဆင်းမှုများ၊ ဦးနှောက်မကောင်းသူများကို ကုသပေးနိုင်ကြောင်း သိရပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.