ယခုနှစ်အတွင်း မိုဘိုင်း ကြော်ငြာစနစ် အရှိန်အဟုန် မြင့်မားလာဖွယ်ရှိ

Written by S.N.O Published in 08 Jul 2014

    ယခုနှစ်အတွင်း မိုဘိုင်း ကြော်ငြာစနစ်ဟာ ယခင်ထက် 83 ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာဖွယ်ရှိကြောင်း မိုဘိုင်းကြော်ငြာပိုင်းဆိုင်ရာ သုတေသီများမှ စစ်တမ်းကောက်နှုတ်ချက်များအရ တရားဝင် ပြောကြားလာခဲ့ပါတယ်။

မိုဘိုင်းဖုန်းအတွင်း ကြော်ငြာခြင်းဟာ အထိရောက်ဆုံး စနစ်ဖြစ်လာပြီး ပထမနေရာမှာ ရှိနေခဲ့ပါတယ်။ ဒုတိယနေရာမှာရှိနေတဲ့ ကြောငြာစနစ်တစ်ရပ်ကတော့ တယ်လီဗွီးရှင်း Channel များအတွင်းမှ ကြောငြာသောစနစ်တစ်ရပ်ဖြစ်ကြောင်း ဈေးကွက်သုတေသီများမှ ပြောကြားဖော်ပြခဲ့ပါတယ်။

 

 

    အမေရိကန်နိုင်ငံအတွင်းမှာဆိုလျှင် မိုဘိုင်းကြော်ငြာဈေးကွက်ဟာ အလွန်အမင်း မြင့်တက်လာခဲ့ပြီး17.7 ဘီလီယံကျော်အထိ ရှိလာခဲ့ပါတယ်။ ဒီလိုမိုဘိုင်းမှ တဆင့်ကြော်ငြာခြင်းအားဖြင့် စမတ်ဖုန်းနှင့် Tablet ကိုင်ဆောင်သူများအကြား ဒီကြော်ငြာများဟာ အလွယ်တကူ ပျံ့နှံ့သွားမှာ ဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ပိုမိုနှစ်သက်ကြပြီး ၎င်းဟာ အလွန်ထိရောက်မှုရှိသော ကြော်ငြာစနစ်တစ်ခု ဖြစ်ကြောင်း သိရှိရပါတယ်။

နောင်လာမည့် 2018 ခုနှစ်လောက်မှာဆိုလျှင် မိုဘိုင်းကြော်ငြာစနစ်ဟာ ကမ္ဘာနှင့်အ၀ှမ်း ဒုတိယမြောက်အကြီးမားဆုံး ကြော်ငြာ Channel အနေဖြင့် ဖြစ်လာနိုင်ဖွယ်ရှိပြီး အခြားသော ရေဒီယို ၊ သတင်းစာ ၊ ဂျာနယ် နှင့် ဆိုင်းဘုတ် ကြော်ငြာစနစ်များဟာ မိုဘိုင်းကြော်ငြာစနစ်လောက် ထိရောက်တော့မှာ မဟုတ်ကြောင်း ဈေးကွက်သုတေသီများမှ ခန့်မှန်းပြောကြားခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.