Adobe Photoshop Tips 2 ( Color Settings ပြောင်းလဲရွေးချယ်ခြင်း )

Written by S.N.O Published in 09 Oct 2014

ဒီဇိုင်းတစ်ခုပြုလုပ်ရာမှာ ဒီ Color Setting ဟာ အလွန်အရေးကြီးလှပါတယ်။ သင့်အနေဖြင့် ပုံမှန် ဓါတ်ပုံတစ်ခုကို ပြုလုပ်ဖန်တီးမယ်ဆိုရင်တော့ RGB စနစ်ကိုသာ ရွေးချယ်ပေးလိုက်ပါ။

ဒါမှမဟုတ် Printing လုပ်ငန်းများမှာ အသုံးပြုမယ် ဥပမာ Billboard , Vinyl များကို ပြုလုပ်ဖန်တီးမယ်ဆိုရင်တော့ CMYK စနစ်ကို အသုံးပြုနိုင်ပါတယ်။ Adobe CS 5 ရဲ့ ပုံမှန်အရောင်စနစ်ဟာ အလွန်လှပကောင်းမွန်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်ရံမှာ ပြင်ပလက်တွေ့မှာ တကယ်ရှိနေတဲ့ အရောင်မျိုး ၊ ဥပမာ သဘာဝကျကျ အရောင်တွေထက် ပိုမိုလှပနေတာကို တွေ့ရပါတယ်။ ဒါကြောင့် တစ်ချို့သော ဓါတ်ပုံဆရာများက သူတို့ တကယ်ရိုက်ထားတဲ့ ပုံရဲ့ အရောင်စနစ်များကို Natural အတိုင်း သာထုတ်လုပ်ပေးရန်အတွက် color Settings များကို ပြောင်းလဲ အသုံးပြုလေ့ရှိပါတယ်။

Adobe Photoshop CS 5 ရဲ့ Color Space ကို ပြင်ဆင်ရန်အတွက် အရင်ဦးဆုံး Adobe Photoshop CS 5 ကို ဖွင့်လိုက်ပါ။ ပြီးနောက် ဘာမှမလုပ်ပဲ Edit Menu ထဲကို ၀င်လိုက်ပါ (File New လုပ်ရန်မလို)။ Color Settings ထဲသို့ ၀င်ရောက်လိုက်ပါ။

 

 

အခုဆိုရင်တော့ Adobe Photoshop CS 5 ရဲ့ Color Settings ကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ အဲဒီမှာ အပေါ်ဖက်ဆုံးမှာရှိတဲ့ North America General Purpose 2 ဆိုတဲ့နေရာလေးမှာ Click နှိပ်လိုက်ပါ။ 

 

 

ဒါဆိုရင်တော့ Color Settings မျိုးစုံကို ပြောင်းလဲ ရွေးချယ်အသုံးပြုနိုင်တဲ့ Settings ကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ Monitor Color , Europe Web / Internet 2 , North America Web/ Internet စသည်ဖြင့် Settings များစွာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

သင်ဟာ ယခင် 1998 ခုတုန်းက RGB စနစ်ကို ပြန်လည်အသုံးပြုချင်တယ်ဆိုရင်တော့ North America Prepress 2 ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ များသောအားဖြင့် ဒီ Settings ကို ဓါတ်ပုံသမားများ အသုံးပြုလေ့ရှိပါတယ်။

သင်ပြုလုပ်ဖန်တီးမည့် ဓါတ်ပုံဟာ အင်တာနက်ပေါ် လွှင့်တင်ဖို့အတွက်ဆိုရင်တော့ North America Web / Internet ကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ နည်းလမ်းအတိုင်း RGB အပြင် CMYK, Gray, Spot များကိုလည်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ သင့်စိတ်ကြိုက် ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ OK ကို နှိပ်လိုက်ပါ။

ဒါဆိုရင် သင်ပြုလုပ်ဖန်တီးမည့် Project များအားလုံးဟာ သင်ရွေးချယ်လိုက်တဲ့ Color Settings အတိုင်း အရောင်အသွေးများ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Resolution မြင့်မြင့်လိုချင်တယ်ဆိုရင်တော့ ပုံမှန် Setting ဖြစ်တဲ့ North America General Purpose 2 ကိုသာ ရွေးချယ်ပေးနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.