Adobe Photoshop Tips 6 ( Adobe Photoshop CS 5 အတွင်း Actions Feature ကို အသုံးပြုခြင်း (1) )

Written by S.N.O Published in 11 Oct 2014

Actions ဆိုတာကတော့ Adobe Photoshop CS 5 မှာ ပါဝင်တဲ့ လွန်စွာမှ အသုံးတည့်တဲ့ Feature တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ သဘောကတော့ သင် Adobe Photoshop CS 5 အတွင်း လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်များစွာကို စနစ်တကျ တစ်ဆင့်ချင်းမှတ်သားထားခြင်း ဖြစ်ပါတယ်။

ဒီလို Actions များ ဖန်တီးထားခြင်းအားဖြင့် သင်ပြုလုပ်ထားတဲ့ အဆင့်များကို တစ်ဆင့်ချင်းစီ ပြန်လည် ကြည့်ရှုလို့ရပါတယ်။ ထို့အပြင် အခြားသော Documents များအတွင်းမှာလည်း ဒီ Actions များကို ပြန်လည် အလွယ်တကူ အသုံးပြုလို့ရပါတယ်။

လောလောဆယ် အခြေအနေမှာတော့ သင်ဟာ Adobe Photoshop CS 5 ကို စတင် လေ့လာနေသူတစ်ယောက်ဆိုရင် ဒီ Actions Feature ကို သဘောပေါက်မှာ မဟုတ်ပါဘူး။ ဒီတော့ သူ့ရဲ့ Feature ကို နားလည် သဘောပေါက်စေရန်အတွက် Actions တစ်ခုကို စတင်ဖန်တီးပြီး အသုံးပြုကြည့်ပါမယ်။

ပထမဦးဆုံး Adobe Photoshop CS 5 Program ကို ဖွင့်လိုက်ပါ။ ပြီးနောက် File New မလုပ်ပဲ Windows Menu အောက်မှ Actions ကိုရွေးချယ်လိုက်ပါ။

 

 

ပြီးနောက် New Actions တစ်ခုကို ဖန်တီးရမှာ ဖြစ်ပါတယ်။ Actions အောက်ဆုံးမှာရှိတဲ့ New Actions နေရာမှာ တစ်ချက် Click နှိပ်လိုက်ပါ။

 

 

ပြီးနောက် Name နေရာမှာ သင့်စိတ်ကြိုက် အမည်တစ်ခုခုကို သတ်မှတ်လိုက်ပါ။ Function Key နေရာမှာတော့ Ctrl+ F10 ကို ရွေးချယ်ထားလိုက်ပါမယ်။

 

 

အားလုံးပြီးသွားပြီဆိုရင်တော့ Record ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ သင်ပြုလုပ်သမျှ အရာတိုင်းကို Adobe Photoshop CS 5 မှ လိုက်လံ မှတ်သားထားပေးမှာ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.