Google မှ လူတစ်ယောက်ရဲ့ ခံစားချက်များကို ဖော်ထုတ်နိုင်သော မျက်မှန်ကို ထုတ်လုပ်

Written by S.N.O Published in 09 Sep 2014

        ကမ္ဘာကျော် Google ကုမ္ပဏီမှ လူတစ်ယောက်ရဲ့ ခံစားချက် ၊ အသက် ၊ Gender ကိုယ်အလေးချိန် ၊ အရပ် နှင့် အခြား Emotional Feeling များစွာကို ဖော်ထုတ်ပေးနိုင်သော Glass တစ်ခုကို တီထွင်ခဲ့ကြောင်း သတင်းဌာနများသို့ အသိပေးပြောကြားခဲ့ပါတယ်။

 

 

Google Glass နည်းပညာသစ်တွင် လူတစ်ယောက်နှင့် စကားပြောဆိုနေစဉ်အတွင်း ထိုသူ၏ စိတ်ခံစားချက်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးမှာဖြစ်သလို ၎င်းရဲ့ အသက်အရွယ် နှင့် စိတ်နေစိတ်ထား များကိုပါ ခန့်မှန်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

        Google ရဲ့ နည်းပညာသစ်တွင် Sophisticated High-Speed Object Recognition Engine (SHORE) နည်းပညာကို အသုံးပြုထားပြီး Glass အတွင်းရှိ Processor မှ အချိန်နှင့်အမျှ မြင်ကွင်းများအပေါ် တွက်ချက်မှုများ ပြုလုပ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

        Google ဟာ ဒီ Glass နည်းပညာသစ်အား ကိုယ်လက်အင်္ဂါချို့တဲ့သော ကလေးငယ်များ ၊ ဦးနှောက်ဥာဏ်မမှီသော Autism ကလေးငယ်များရဲ့ ခံစားချက်များကို ဖော်ထုတ်လေ့လာကာ ကုသနိုင်ရေးအတွက် အသုံးပြုသွားမှာဖြစ်ကြောင်း ၊ တစ်နည်းအားဖြင့် လူသားတို့အတွက် အကောင်းဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းဖော်ပြခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.