Google Sketch Up ကို အသုံးပြုခြင်း (၆)

Written by S.N.O Published in 20 Dec 2014

အခု နောက်ထပ် Tool တစ်ခုဖြစ်တဲ့ Move Tool ကို လေ့လာကြည့်ပါမယ်။ Move Tool ဟာ ထောင့်ချိုးများကို ညီညာအောင် ပြုလုပ်ဆောင်ရွက်နိုင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။ ထို့ပြင် Move Tool ဟာ လိုအပ်တဲ့ နေရာအလိုက် ကော်ပီဆွဲယူရာမှာလည်း အသုံးပြုနိုင်ပါတယ်။

 

 

ဒီတော့ ယခင်ရေးဆွဲထားတဲ့ အဆောက်အဦး ပုံစံအတိုင်း နှစ်သက်ရာ ဒီဇီုင်းတစ်ခုကို ရေးဆွဲလိုက်ပါ။ ဒီအဆောက်အဦးမှာ ထောင့်ချိုးများစွာ ပါဝင်နေတဲ့အတွက်ကြောင့် သဘာဝသိပ်မကျပါဘူး။ ဆိုလိုတာကတော့ လေးထောင့်အကွက်တွေချည်းပဲ ဖြစ်နေပါတယ်။ ဒီတော့ Move Tool ကိုယူပြီး ထောင့်ချိုးပေါ်မှာဖိပြီး အောက်သို့ ဆွဲချလိုက်ပါ။ ဒါဆိုရင် မျဉ်းစောင်းတစ်ခုပုံစံအနေဖြင့် ရရှိသွားမှာ ဖြစ်ပါတယ်။

 

 

Move Tool ရဲ့ နောက်ထပ် အသုံးဝင်ပုံကတော့ နှစ်သက်ရာ မျက်နှာပြင်ပေါ်မှာ Click နှိပ်ပြီး Ctrl ကိုဖိကာ Mouse နှင့် ဆွဲခြင်းအားဖြင့် ၎င်း Surface အား အလိုအလျှောက် ကော်ပီ ကူးယူပေးပါတယ်။

 

 

တစ်ချက် သတိထားရမှာကတော့ Move Tool ကိုယူပြီး ထောင့်ချိုးများကို ကွေးယူရာမှာ Center ကျဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင်လိုချင်သော Shape ကိုရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ center မကျဘူးဆိုရင်တော့ သင်ရေးဆွဲထားတဲ့ ဒီဇိုင်းဟာ ပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒီလို ပြဿနာမျိုးတွေအတွက် Ctrl+ Z ကိုနှိပ်ကာ Undo ပြန်လုပ်ပြီး ဖြေရှင်းပေးလို့ရပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.