I Pad နှင့်ယှဉ်ပြိုင်လာမည့် Mi Pad

Written by S.N.O Published in 16 May 2014

      တရုတ်နိုင်ငံ အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi မှ Mi Pad ဆိုသည့် Tablet ပုံစံအသစ်တစ်ခုကို မကြာမှီကာလအတွင်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

အဲဒီ Mi Pad ရဲ့ ထူးခြားချက်ကတော့ iPad ကို အဓိက ယှဉ်ပြိုင်ရန်အတွက် ဖြစ်ပြီး ဒီဇိုင်း စွမ်းဆောင်ရည်တွေဟာလည်း Apple ရဲ့ iPad သကဲ့သို့ အထူးကောင်းမွန်တယ်လို့ ၎င်းကုမ္ပဏီမှ ပြောကြားခဲ့ပါတယ်။

Mi Pad မှာ အသုံးပြုထားတဲ့ Display ဟာ Retina Caliber Display ဖြစ်ပြီး ၎င်းဟာ နောက်ဆုံးပေါ် နည်းပညာရပ်များအပေါ် အခြေခံထားပါတယ်။ Processor ကိုတော့ Nvidia ကို အသုံးပြုထားတာကြောင့် ၎င်းဟာ PC တစ်လုံးလောက်နီးနီး အသုံးပြု နိုင်မှာ ဖြစ်တယ်လို့ ၎င်းကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

Fig (1)

Engadget မှ ပြောကြားချက်အရ Xiaomi CEO ဖြစ်သူ Lei Jun ဟာ ၎င်းတို့ကုမ္ပဏီအနေဖြင့် Mi Pad ကဲ့သို့သော Tablet ထုတ်လုပ်ရန်အတွက် နှစ်နှစ်ခန့် အချိန်ယူပြီး လေ့လာခဲ့ကြောင်း၊ Mi Pad ဟာ I Pad ကို တုပထုတ်လုပ်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Mi Pad 16 GB Model ကို တရုတ်ယွမ် 1499 , $241 နှင့်ရောင်းချရန် ရည်ရွယ်ထားပြီး 64 GB ကိုတော့ $ 273 နှင့်ရောင်းချမှာ ဖြစ်တယ်လို့ ကုမ္ပဏီမှ ထုတ်ပြန်ထားပါတယ်။

 

Fig (2)

Mi Pad ဟာ Android ကို အခြေခံကာ ထုတ်လုပ်ထားတာဖြစ်ပြီး Naidia ရဲ့ Quad Core Tegra K1 Processor ကို အသုံးပြုထားပါတယ်။ ၎င်း Processor ဟာ 192 Core ပါဝင်တာကြောင့် အထူး အမြန်နှုန်းမြင့်မားကြောင်း သိရပါတယ်။

RAM အနေနှင့် 2 GB RAM ကို အသုံးပြုထားပါတယ်။ Screen Resolution ဟာ 326 Pixels per inch ဖြစ်တဲ့အတွက်ကြောင့် Resolution အထူးကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ Camera အနေဖြင့် အရှေ့အနောက် နှစ်ဖက်စလုံးမှာ ပါဝင်မှာဖြစ်ပြီး 8 Megapixel နှင့် 5 Megapixel တို့ ဖြစ်တယ်လို့ သိရပါတယ်။ ထုတ်လုပ်မည့်နေ့စွဲကို အတိအကျ မသိရသေးပေမယ့် လာမည့် June လမှာ ထုတ်လုပ်သွားဖွယ်ရှိကြောင်း သိရပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.