Microsoft မှ OneDrive အား 15 GB ခန့် အခမဲ့ အသုံးပြုခွင့်ပေး

Written by S.N.O Published in 19 Sep 2014

      လွန်ခဲ့သော တစ်ပတ်ခန့်က Microsoft မှ ထုတ်ပြန်ပြောကြားချက်အရ ၎င်းရဲ့ OneDrive Cloud Service အား 15 GB ခန့်အထိ အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ပေးလိုက်ပြီဖြစ်ပြီး Office 265 Subscriber များအနေနဲ့တော့ 1 TB အထိ အခမဲ့ အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေး ပြောကြားသွားပါတယ်။

Microsoft ရဲ့ OneDrive Service အား မည်သူမဆို အခမဲ့ ရယူအသုံးပြုနိုင်ပြီး Office 365 Subscrib မလုပ်ထားသူများလည်း အဆင်ပြေပြေ အသုံးပြုနိုင်ကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။

 

 

Microsoft မှ ယခုကဲ့သို့ Storage Space ကို တိုးမြှင့်ပေးလိုက်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ Dropbox နေရာမှာ အစားထိုး အသုံးပြုနိုင်ရန်ဖြစ်ပြီး DropBox ဟာ 2 GB ခန့်သာ အခမဲ့အသုံးပြုနိုင်သော ဆားဗစ်တစ်ခုဖြစ်ကြောင်း OneDrive ဟာ ပိုမိုအသုံးပြုရတာ လွယ်ကူပြီး User Space လည်း ပိုမိုများပြားကြောင်း ပြောကြားခဲ့ပါတယ်။

ယခုကဲ့သို့ ပြောင်းလဲမှုများ ပြုလုပ်ဆောင်ရွက်ပေးရခြင်းဟာ အမေရိကန်နိုင်ငံအတွင်းရှိ User များအတွက် အဓိကရည်ရွယ်ထားပြီး Skype , Google Voice အသုံးပြုသူများအနေဖြင့် ၎င်းတို့ရဲ့ document များကို Cloude တွင် အဆင်ပြေပြေ သိမ်းဆည်းနိုင်ရန် ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.