Task Manager ကို လေ့လာခြင်း (2)

Written by S.N.O Published in 21 Oct 2014

ယခု ဒုတိယပိုင်းအနေဖြင့် Task Manager ကို အသေးစိတ် ဆက်လက်လေ့လာပါမယ်။ Task Manager မှာ Tag ပေါင်း 6 မျိုး ခွဲခြားထားပါတယ်။ အဲဒီထဲကမှ Applications ကို လေ့လာကြည့်ရအောင်။

ဒီ Application Tag ဟာ လက်ရှိဖွင့်ထားတဲ့ Application များကို ပြသပေးထားပါတယ်။

 

 

တကယ်လို့ သင့်အနေဖြင့် Application တစ်မျိုးမျိုးကို ပိတ်ချင်တယ်ဆိုရင်တော့ Task မှာ နှစ်သက်ရာ Application ကို ရွေးချယ်ပြီး အောက်ဖက်ရှိ End Task ကို နှိပ်ကာ ပိတ်ပစ်နိုင်ပါတယ်။ တကယ်လို့ Application တစ်ခုကို ဖွင့်လိုက်လို့ ကွန်ပျူတာ hang ဖြစ်နေတယ်ဆိုရင် Task Manager ကို ခေါ်ယူပြီး အလွယ်တကူ ၎င်း Application ကို ပိတ်ပစ်နိုင်ပါတယ်။

Processes ကတော့လက်ရှိ Run နေတဲ့ Exe များကို ဖော်ပြပေးထားသည့်နေရာတစ်ခု ဖြစ်ပါတယ်။

တကယ်လို့ ကွန်ပျူတာတစ်လုံးအတွင်း အခြား Virus များဝင်ရောက်နေမယ်ဆိုရင် ဒီ Processes မှာ ဝင်ရောက်ရှာဖွေပေးနိုင်ပါတယ်။

ဒီ Processes မှာ ကွန်ပျူတာ Windows OS မှ လိုအပ်ချက်အရ Run ပေးထားတဲ့ exe များ Program များနှင့်သက်ဆိုင်သော Exe များကို ပြသပေးထားပါတယ်။

အဲဒီလိုမဟုတ်ပဲအခြားအမည်ဆန်းဆန်းနဲ့ Processes တစ်ခုဝင်ရောက် Run နေမယ်ဆိုရင်တော့ဒီProcesses ဟာ Virus သို့မဟုတ် Malware တစ်ခု ဖြစ်နိုင်ပါတယ်။

 

 

Processes မှာ Run နေတဲ့ exe များကို အသေးစိတ် ကြည့်ရှုရန်အတွက် သက်ဆိုင်ရာ Exe File ကို Click လုပ်လိုက်ပါ။ ပြီးနောက် Properties ကို နှိပ်လိုက်ပါ။

 

 

ဒါဆိုရင် ဒီ Processes ဟာ မည်သည့် Application တစ်ခု ဖြစ်သည်ဆိုတာကို အောက်ပါအတိုင်း ပြသပေးမှာ ဖြစ်ပါတယ်။

 

 

၎င်း Processes ကို end လုပ်ချင်ပါက အောက်ဖက်ရှိ End Process ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ၎င်းသက်ဆိုင်ရာ Processes ကို Task Manager မှ Kill ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.