Understanding Character and Paragraph Attributes

Written by S.N.O Published in 25 Sep 2014

ဒီသင်ခန်းစာကတော့ စာစီစာရိုက်လုပ်ငန်းများအတွက် အတော်လေး အသုံးဝင်သည့် သင်ခန်းစာတစ်ရပ် ဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာ လေ့လာရမှာကတော့ Character များ၊ စာပိုဒ်များအတွက် အသုံးပြုသော Attributes များဖြစ်ပါတယ်။ 

အထူးသဖြင့် Layout လုပ်ငန်းစဉ်အတွက် မသိမဖြစ်သိထားရမည့် အကြောင်းအရာများ ဖြစ်ပါတယ်။ Adobe InDesign ရဲ့ အပေါ်ဖက် Tool Bar တွင် စာလုံးပုံစံ Character Attibutes နှင့် Paragraph Attibutes များကို ပြင်ဆင်နိုင်ရန် Tool bar နှစ်မျိုး ထည့်သွင်းပေးထားပါတယ်။

A ပုံစံလေးကို နှိပ်လိုက်ခြင်းအားဖြင့် Character Attibutes များကို တွေ့မြင်ရမှာဖြစ်ပြီး သူ့အောက်ရှိ နောက်ထပ် Paragraph Symbol Tool ကတော့ Paragraph Attibutes ဖြစ်ပါတယ်။ ဒီ Tool နှစ်မျိုးစလုံးကို အပေါ်ဖက် Tool Bar မှာ လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

 

 

Character Attribute ကို အပေါ်ဖက် Tool Bar မှာလည်း ခေါ်ယူအသုံးပြုနိုင်သလို Ctrl+T ကို နှိပ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

 

 

အပေါ်ဆုံးက Zawgyi-One လို့ ပေါ်နေတဲ့နေရာကတော့ Font အမျိုးအစားကို ပြောတာပါ။ အဲဒီနေရာမှာ အခြားသင်လိုချင်သော Font များကို ပြောင်းလဲရွေးချယ်ကာ အသုံးပြုနိုင်ပါတယ်။ သူ့အောက်မှာ ရေးထားတဲ့ Regular ဆိုတာကတော့ စာလုံးပုံစံ Bold , Italic , Underline တို့ မလုပ်ထားပဲ ပုံမှန်အသုံးပြုထားတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

သူ့အောက်က T ဘေးနားရှိ 11 pt လို့ ရေးထားတာကတော့ Font Size ကို ပြောတာဖြစ်ပါတယ်။ Font Size ဘေးနားက 16 pt ကတော့ စာကြောင်းတစ်ကြောင်းနှင့် တစ်ကြောင်းအကြား Leading ကို ပြောတာဖြစ်ပါတယ်။ ကျန်တာတွေကတော့ စာလုံးပုံစံများကို ပြင်ဆင်ပေးသည့် Tool များဖြစ်ပါတယ်။ လွယ်ကူစွာ ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။

Paragraph Attribute မှာကတော့ စာပိုဒ်တစ်ပိုဒ်အတွက် အဓိကအသုံးပြုတဲ့ Left Align , Right Align , Center Align , Justify Align စတာတွေ ဖြစ်ပါတယ်။

 

 

ဒီ Align အသုံးပြုပုံတွေကတော့ ယခင် Pagemaker နဲ့ ဆင်တူပါတယ်။ သူ့ဘေးနားမှာရှိတဲ့ Tool တွေကတော့ စာပိုဒ်တစ်ပိုဒ်ရဲ့ အစကို ဘေးမျဉ်းနဲ့ ဘယ်လောက်ခွာမှာလဲ၊ ညာဖက်ကို ဘယ်လောက်ထားမလဲဆိုတဲ့ Page Attribute များ ဖြစ်ပါတယ်။

 

 

ဒီလို Paragraph Attributes များ အသုံးပြုပုံတွေကိုတော့ နောက်ပိုင်း Lesson များနှင့် တွဲဖက်လေ့လာတဲ့ သင်ခန်းစာများအနေဖြင့် ဖော်ပြပေးပါမယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.